Moscow မြို့ မှာရှိတဲ့ Центральный Дом Художника မှာ မြန်မာနိုင်ငံက အထင်ကရနေရာများကို ရိုက်ထားပြီး ပြသတဲ့ ဓါတ်ပုံများလည်း ရှိတာကြောင့် (23.01.2013) ရက်နေ့က ကျွန်တော့်သယ်ရင်းများဖြစ်တဲ့ ညွန့်ဝင်း(နယ်သား)၊ စိုးလှိုင် တို့နဲ့ အတူတူ သွားခဲ့ပါတယ်။ အဲ့ဒီမှာ ပန်းချီ ဆွဲထားတဲ့ ပန်းချီကားများ၊ ဓါတ်ပုံများ ( ခေါင်းစဉ် အမျိုးမျိုး အောက်မှာ ဖော်ပြထားသော ဓါတ်ပုံများ )၊ ၄င်းအပြင် သက်ဆိုင်ရာ ပြပွဲတွင် ဖျော်ဖြေကြသော တီးဝိုင်အဖွဲ့ များလည်း တွေ့ခဲ့ရပါတယ်။ဝင်ကြေးအနေ နဲ့ကတော့ ပုံမှန် လူများအတွက် 300 ရူဘယ်လ် သတ်မှတ်ထားပြီး ကျောင်းသားများအတွက်တော့ 150 ရူဘယ်လ် သတ်မှတ်ထားပါတယ်။ 28.01.2013 မှ 07.02.2013 ရက်နေ့ထိကိုတော့ ကျောင်းသားများ ၀င်ကြေးအခမဲ့နဲ့ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက ဓါတ်ပုံများပြထားတဲ့
ပြခန်းကတော့ 27.01.2013 ထိဖြစ်တဲ့ အတွက် ဒီနေ့ကို တစ်ခါတည်း ၀င်ပြီးကြည့်ခဲ့ပါတယ်။ ခင်းကျင်းပြသမှုကတော့ သေသပ်ပြီးသန့််ရှင်းတာကိုတွေ့ရပါတယ်။
ကျေနပ်နှစ်သက်မှု ရှိခဲ့ပါတယ်။ ပုံမှန်အနေနဲ့ဆိုရင်တော့အဲ့ဒီကို ရောက်ဖြစ်မယ်မထင်ပါဘူး။ Facebook စာမျက်နှာပေါ်မှာ အဲ့ဒီမှာ မြန်မာက ဓါတ်ပုံလေးတွေပါ ပြထားတဲ့ပြခန်းရှိတယ် ပြောတာနဲ့ သွားဖြစ်ခဲ့ တာပါ။ သတင်းပေးတဲ့ အစ်ကိုတွေ သယ်ရင်းတွေကော ညီငယ်တွေကိုကော ကျေးဇူးတင်ပါတယ်။







