Thursday, August 6, 2015

Old Photos from my FACEBOOK.....

Old Photos from my FACEBOOK.....
ဒီနေ့ သံရုံးမှာ သံအမတ်ကြီး ဦးစီးပြီး ပြုလုပ်ပေးတဲ့
ဂုဏ်ပြုညစာစားပွဲအခမ်းအနား တက်ရောက်ဖြစ်ပါတယ်။
D.Sc. ဘွဲ့ရရှိသွားတဲ့ ဗိုလ်မှူး Ye Zaw Htwe​ ကို ဂုဏ်ပြုနှုတ်ဆက်ပွဲလုပ်ပေးတဲ့အခမ်းအနားဖြစ်ပါတယ်။
ဂုဏ်ယူပါတယ် လေးစားပါတယ် ခင်ဗျာ။

အင်္ကျီလက်ဆောင်ပေးထားတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။
နယ်နယ်ရရ မဟုတ်ဘူးနော်။
ဒီအင်္ကျီက3 နိုင်ငံ လေယာဉ်စီးလာတာ။ ဒီနေ့မှ စပြီးဝတ်တာ။
2014 ခုနှစ်က မွေးနေ့လက်ဆောင်ရထားတဲ့ အင်္ကျီလေးပါ။
ကျေးဇူးတင်ပါတယ် သူငယ်ချင်း။

ရုပ်ချောရန်မလို ဓါတ်ပုံဆရာကောင်းသာ လိုသည်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ ဓါတ်ပုံရိုက်ပေးသူ အစ်ကိုကြီးကိုလည်။
Photographer by---- Nyaung Yan Thar​















Thursday, July 4, 2013

ကမ္ဘာ ကို ကိုင်လှုပ်မဲ့ သီချင်း



စီးပွားဖြစ်တာ မဖြစ်တာ ဘေးဖယ်ထားပါလို့
နာမည် ကျော်တာ မကျော်တာ ဘေးချိတ်ထားပါလို့
မိုက်တာ မမိုက်တာ တွေကို ထည့်ကာ မတွေးတော့ပါဘူး

မြန်မာသီချင်း တစ်ပုဒ်တော့…ရေးပြလိုက်ချင်တယ်လေတဲ့
အခိုင်အမာ ကမ္ဘာရှည် တွေးလို့ နေ
နိုင်မြန်မာ စာတွေ ရေးလို့နေ။
.....................
မြန်မာဆိုရင် နှိမ်ချင် လွန်းလှတာမို့
တို့ လူမျိုးတွေ ဆိုရင် နှိမ်ချင် လွန်းကြတာမို့
မြန်မာသီချင်းတွေ ဆိုရင် ချိုးချင် နှိမ်ချင် ကြတာမို့

တိုက်ပုံ အင်္ကျီ ပင်နီ ချည်လုံချည် ၀တ်ပါလို့
ဆိုင်းတွေ ၀ိုင်းတွေ အလယ်မှာ ၀င်ထိုင်ကာ ရေးလိုက်ရှာတဲ့

မြန်မာလို စတိုင်ထုတ် တဲ့ သီချင်းတွေ
ကမ္ဘာကို ကိုင်လှုပ်မဲ့ သီချင်းတွေ။
.......................

တို့ လူမျိုး တွေ အောက်မှာ မစံရအောင်
တို့ လူမျိုး တွေ နောက်မှာ မကျန်ရအောင်
တိုင်းပြည်ကြီးတွေကို အတုယူရန် သင့်လှပါရဲ့

ကမ္ဘာ့ ဂီတ ဆိုတာကို လေ့လာတာ ကောင်းပါရဲ့
ရော့ခ်တွေ ဂျပ်စ် တွေဆိုတာ လုပ်နိုင်ရင် လုပ်ကြတာ ပါ့
ခေတ်ရေစီးနေတာကို တားမြစ်ရန် မသင့်ပေမဲ့
အင်္ဂလိပ် သီချင်းကို မှီကာ ကြီးကျယ်တော် မမူကြပါနဲ့
မင်းတို့ ဘိုးအေ တွေဟာ မြန်မာ ဆိုတာ မမေ့လိုက်ပါနဲ့
မျက်နှာထား နဲ့ လက်ယားလွန်း လို့ ရေးလိုက်ပါသတဲ့လေ။
............................

တို့ အသံတွေ ကမ္ဘာက ကြားအောင်လို့
ဆိုင်းသံ ဗုံသံ တွေကို နိုင်ငံတကာက ကြားရအောင်လို့
ဒီ သီချင်းကိုလေ သောင်းထိုက်က ကြားရအောင်လို့
အရပ်ကူပါ လူဝိုင်းပါ…လို့…..
ဆိုင်ရာ ပိုင်ရာ တွေ သိုင်းကာ.. ၀ိုင်းပါ ….လို့…..
နိုင်မြန်မာ…ဟာ… နိုင်မြန်မာ…ဟာ…
ရိုင်းတာ မဟုတ်ရ ပါဘူး…တဲ့….
အတိုင်းအတာကို….သမိုင်း..မှာ…ကြည့်ကြပါတော့….
ဆိုင်း..ဆရာ…..ရေ…………….။


Vocaroo Voice Message

Friday, May 10, 2013

မော်စကိုမြစ်အတွင်း သင်္ဘောစီးအမှတ်တရ ဓါတ်ပုံများ































ဒီနေ့ 10.05.2013 ရက်နေ့မှာ မှတ်မှတ်ရရ ရာသီဥတုကလည်း သာယာလွန်းတာကြောင့် မော်စကိုမြစ်အတွင်း လေကောာင်းလေသန့်ရှူရင်း သဘောင်္စီးဖို့အကြံရလာပါတယ်။ ကျွန်တော်တို့သူငယ်ချင်း စိုးလှိုင်ကလည်း မြန်မာနိုင်ငံပြန်ရတော့မှာမို့ သူ့ကိုလည်းစိတ်ပြေလက်ပျောက် ရှိစေချင်တာကြောင့် ကျွန်တော်ရယ်၊ ကျွန်တော်နယ်သား ညွန့်ဝင်းရယ်၊ စိုးလှိုင်ရယ်၊ ပြည့်ဖြိုးအောင်(ချားကိုး)ရယ်၊ ကိုဟိန်းခန့်ဇော်ရယ်  ၅ ယောက်သား Киевская မီသရိုမှာ ဆုံကြပြီး ခရီးနှင်ကြပါတယ်။ သဘောစီးတာ တစ်ကြောင်းခ 450 ရူဘယ်လ် (မြန်မာငွေ ၁၃၀၀၀ ကျပ် ကျော်ကျော်) ပေးရပါတယ်။ အချိန်အားဖြင့်တော့ ၁ နာရီခွဲအတိ ကြာမြင့်ပါတယ်။ သင်္ဘောစထွက်တဲ့နေရာကတော့ Бородинский мост ( ဘာရာဂျင်းန်းစကီးတံတား ) ကဖြစ်ပြီး သင်္ဘောရပ်တာကတော့ Новоспасский мост ( နာဗာစပါ့စ်စကီးတံတား ) ထိဖြစ်ပါတယ်။ မြစ်ကြောင်းတစ်လျှောက် တံတားပေါင်းမြောက်မြားစွာ။ ဆိပ်ကမ်းပေါင်းမြောက်မြားစွာပ်မှာ ဆိုက်ကပ်ပြီး ဖြေဖြေမှန်မှန် ခုတ်မောင်းတဲ့အတွက် ကျွန်တော်တို့တွေက မြစ်တလျှောက် သဘာဝအလှတရားများ၊ အဆောက်အဦးများ နှင့် အနားယူနေတော့ အသက်ကြီး/ငယ်၊ ကျား/မ မရွေး တို့ကို၏ ပျော်ရွှင်နေကြပုံများလည်းမြင်တွေ့ခဲ့ရပြီး မှတ်တမ်းတင်ယူနိုင်ခဲ့ပါတယ်။ ( သင်္ဘော စီး တာ ဂိတ်စ ဂိတ်ဆုံးစီးချင်လည်း စီးလို့ရပါတယ်။ )

Friday, January 25, 2013

Центральный Дом Художника (23,01,2013) အမှတ်တရ။














 Moscow မြို့ မှာရှိတဲ့ Центральный Дом Художника မှာ မြန်မာနိုင်ငံက အထင်ကရနေရာများကို ရိုက်ထားပြီး ပြသတဲ့ ဓါတ်ပုံများလည်း ရှိတာကြောင့် (23.01.2013) ရက်နေ့က ကျွန်တော့်သယ်ရင်းများဖြစ်တဲ့ ညွန့်ဝင်း(နယ်သား)၊ စိုးလှိုင် တို့နဲ့ အတူတူ သွားခဲ့ပါတယ်။ အဲ့ဒီမှာ ပန်းချီ  ဆွဲထားတဲ့ ပန်းချီကားများ၊ ဓါတ်ပုံများ ( ခေါင်းစဉ် အမျိုးမျိုး အောက်မှာ ဖော်ပြထားသော ဓါတ်ပုံများ )၊ ၄င်းအပြင် သက်ဆိုင်ရာ ပြပွဲတွင် ဖျော်ဖြေကြသော တီးဝိုင်အဖွဲ့ များလည်း တွေ့ခဲ့ရပါတယ်။ဝင်ကြေးအနေ နဲ့ကတော့ ပုံမှန် လူများအတွက် 300 ရူဘယ်လ် သတ်မှတ်ထားပြီး ကျောင်းသားများအတွက်တော့ 150 ရူဘယ်လ် သတ်မှတ်ထားပါတယ်။ 28.01.2013 မှ 07.02.2013 ရက်နေ့ထိကိုတော့ ကျောင်းသားများ ၀င်ကြေးအခမဲ့နဲ့ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက ဓါတ်ပုံများပြထားတဲ့
 ပြခန်းကတော့ 27.01.2013 ထိဖြစ်တဲ့ အတွက် ဒီနေ့ကို တစ်ခါတည်း ၀င်ပြီးကြည့်ခဲ့ပါတယ်။ ခင်းကျင်းပြသမှုကတော့ သေသပ်ပြီးသန့််ရှင်းတာကိုတွေ့ရပါတယ်။
 ကျေနပ်နှစ်သက်မှု ရှိခဲ့ပါတယ်။ ပုံမှန်အနေနဲ့ဆိုရင်တော့အဲ့ဒီကို ရောက်ဖြစ်မယ်မထင်ပါဘူး။ Facebook စာမျက်နှာပေါ်မှာ အဲ့ဒီမှာ မြန်မာက ဓါတ်ပုံလေးတွေပါ ပြထားတဲ့ပြခန်းရှိတယ် ပြောတာနဲ့ သွားဖြစ်ခဲ့ တာပါ။ သတင်းပေးတဲ့ အစ်ကိုတွေ သယ်ရင်းတွေကော ညီငယ်တွေကိုကော ကျေးဇူးတင်ပါတယ်။